အင်္ဂလန်နိုင်ငံ၊ Capacity Media ကိုယ်စားလှယ်အဖွဲ့ အားလက်ခံတွေ့ဆုံ

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက် (သောကြောနေ့) နေ့လည် (၁၃းဝဝ) နာရီတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းအား အင်္ဂလန်နိုင်ငံ၊ Capacity Media မှ CEO, Ms. Ros Irving ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ပြည်ထောင်စုုဝန်ကြီးရုံး ဧည့်ခန်းမ တွင် လာရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

ဂါရဝပြု တွေဆုံပွဲ သို့ ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးခင်မောင်သက်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် နှင့် အခြား တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ Capacity Media ၏ CEO ဖြစ်သူ Ms. Ros Irving မှ ပြီးခဲ့သော စက်တင်ဘာလတွင် ကျင်းပခဲ့သော ပထမအကြိမ် “ Myanmar Connect ” တွင် ဝန်ကြီး၏ ကူညီပေးမှုကို ကျေးဇူးတင်ကြောင်း၊ ၂၀၁၄ Myanmar Connect ပွဲအတွက် ပိုမိုကောင်းမွန်အကျိုး ဖြစ်ထွန်းသောပွဲ ဖြစ်ရန် ခုကတည်းက စတင်ပြင်ဆင်နေကြောင်း၊ Telecom စျေးကွက်နှင့် မြန်မာနိုင်ငံ ကုမ္ပဏီများကို ကူညီရန်နှင့် ကာလရှည် အကျိုးဖြစ်ထွန်းမှု ရှိစေရန် ရည်မှန်းကြာင်း၊ ရှေ့ နှစ်တွင် Twitter , Google နှင့် Skype တို့မှ ကျွမ်းကျင်သူများကို ပါဝင်ဟောပြော ဆွေးနွေးပေးနိုင်ရန် စီစဉ်မှာ ဖြစ်ကြောင်း တို့ကို ဆွေးနွေး တင်ပြခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး မှ မြန်မာနို်ငံ၏ Telecom ကဏ္ဍမှာ အစပျိုးသည့် အဆင့်သာ ရှိသေးသည့် အတွက် အကောင် အထည်ဖော်တဲ့သူ အနေနဲ့ကော၊ သုံးစွဲတဲ့ သူအနေနှင့်ကော ဗဟုသုတ များစွား လိုအပ်ကြောင်း၊ Capacity Media နဲ့လုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အင်မတန် အောင်မြင်သည်ဟု ထင်မြင်ကြောင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၊ ရင်းနှီးမြုပ်နှံသူများ  တစ်နေရာတည်းတွင် တွေ့ဆုံပြီး နည်းပညာပိုင်း၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ သိလိုသည်များ၊ အခွင့်အလမ်းများ အပြန်အလှန် မေးမြန်းခွင့်ရကြောင်း၊ ကာလရှည်ဆက်ဆံမှုကို ဦးတည်ဆောင်ရွက်လိုသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ အနေဖြင့်လည်း နိုင်ငံရေးအရ ကြည့်ပါက ယခု အစိုးရသက်တမ်း(၂) နှစ်ကျော် ကျန်ရှိသည့် ကာလ မှာ လုပ်ဆောင်ရမည့်လုပ်ငန်း အများအပြားရှိကြောင်း၊ ဒီကာလတွင် သာမက ဆက်လက် အကောင်အထည် ဖော်ရမည့် တာဝန်များလည်း ရှိကြောင်း၊ ထို့ကြောင့် ရရှိသည့်အချိန်နှင့် လုပ်ရသည့် လုပ်ငန်းမှာ လည်း စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ Telecom ကဏ္ဍနှင့် အိုင်စီတီကဏ္ဍ တိုးတက်ပါက နိုင်ငံ၏ စီပွားရေး တိုးတက်သလို လူတစ်ဦးချင်းစီ၏ လူနေမှုဘဝလည်း တိုးတက်မှာ ဖြစ်သောကြောင်း တတ်စွမ်းသမျှ အကောင်းဆုံး လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ နောက်ထပ်မည့်သည့် လုပ်ငန်းများသည် မိမိတို့ နိုင်ငံ၊ မိမိတို့ ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမလဲ ဆိုတာ Capacity Media နှင့် တိုင်ပင်ကာ ရှေ့ နှစ် ၂၀၁၄ Myanmar Connect အလုပ်ရုံ ဆွေးနွေးပွဲ တွင် ထည့်သွင်း ဆွေးနွေးနိုင်ရန် တိုင်ပင်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တွေ့ဆုံ ဆွေးနွေး မှုကို နေ့လည် (၁၃:၃၀) နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိ ပါသည်။