အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအဆိုပြုလွှာပေးပို့ခြင်း

 

၁။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း(၁၅)၊ ပုဒ်မ(၅၆) အရ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသေးသည့် နယ်မြေဒေသများတွင် အများပြည်သူအကျိုးငှာ အခြေခံဆက်သွယ်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းရေးအစီအစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရွေးချယ်ထားသည့် မြို့နယ်(၂၃)မြို့နယ်အနက် ကမ္ဘာ့ဘဏ်၏ချေးငွေကို အသုံးပြု၍ ကယားပြည်နယ်ရှိဖားဆောင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ စေတုတ္တရာမြို့နယ်၊ ရခိုင်ပြည်နယ်ရှိ အမ်းနှင့် မင်းပြားမြို့နယ် စုစုပေါင်းမြို့နယ်(၄)မြို့နယ်အား ကနဦးစီမံကိန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျန်(၁၉)မြို့နယ်အား USF ရန်ပုံငွေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကနဦးစီမံကိန်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် မြို့နယ်(၄)မြို့နယ်အတွက် တင်ဒါစနစ်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ရာ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဆက်သွယ်ရေးအော်ပရေတာ(၄)ဦးဖြစ်သော မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း၊ Ooredoo Myanmar Limited ၊ Telenor Myanmar Limited နှင့် Telecom International Myanmar Limited ( Mytel ) တို့အား ပြည်ထောင်စုဝန်ကြီးရုံး၏ခွင့်ပြုချက်ဖြင့်     (၉-၁၁-၂၀၁၈) ရက်နေ့တွင် တင်ဒါအဆိုပြုလွှာများ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။

၂။      အော်ပရေတာများအနေဖြင့် ၎င်တင်ဒါအဆိုပြုလွှာများကို ( ၆-၂-၂၀၁၉ ) ရက်နေ့ ၁၄:၀၀နာရီ နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး၊ တင်ဒါအဆိုပြုလွှာနှင့် ပတ်သက်၍ မရှင်းလင်းသည်များရှိပါက ဆွေးနွေးနိုင်ရန်အတွက် အော်ပရေတာများ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှတာဝန်ရှိသူများ၊ အကြံပေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပဏာမရှင်းလင်းခြင်း(Pre-Bid Meeting) အား ၁၃-၁၂-၂၀၁၈ ရက်နေ့တွင်ပြုလုပ်ရန် လျာထားပါ သည်။

၃။      ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ငှားရမ်းထားရှိသော ကနေဒါနိုင်ငံအခြေစိုက် “Intelecon Research & Consultancy Ltd.”အကြံပေးအဖွဲ့၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများမှ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ Bidding Document လိုအပ်ချက်များနှင့် ကိုက်ညီပြည့်စုံစွာတင်ပြလာသူများအနက်မှ ထောက်ပံ့ငွေအနည်းဆုံးအဆိုပြုတင်ပြလာသူအား စိစစ် ရွေးချယ်ခြင်းများပြုလုပ်ကာ တင်ဒါအောင်မြင်သူအား ကြေညာသွားမည်ဖြစ်ပါသည်။

Downloading File

  1. တင်ဒါအဆိုပြုလွှာပေးပို့ခြင်း
  2. Specific Procurement Notice (Procurement of Non-Consulting Services- Limited National Competitive Bidding)
  3. Request for Bids” (TELECOMMUNICATIONS INFRASTRUCTURE SERVICES RURAL PILOT PROJECT)
  4.  Annex A - Township Coverage Maps and Village Tract Data