သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Wireless LAN Training သင်တန်းဖွင့်ပွဲအခမ်းအနား

 

     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတွင် Internet (သို့မဟုတ်) Intranet အတွက် ရည်ရွယ်၍ ကြိုးမဲ့ကွန်ရက် (Wireless Network ) ချိတ်ဆက်ခြင်း၊ Operation and Maintenance ဆောင်ရွက်ခြင်း နည်းပညာများကို စာတွေ့၊ လက်တွေ့ သိရှိနိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် Wireless LAN Training  သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ(၇) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမ (၁) တွင် ကျင်းပပြုလုပ်ကြောင်း သိရပါသည်။

          အဆိုပါ Wireless LAN  Training  သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၉) ခုမှ သင်တန်းသား (၂၅) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     

          သင်တန်းကာလမှာ (၇-၁၀-၂၀၁၉)ရက်နေ့မှ (၁၀-၇-၂၀၁၉) ရက်နေ့အထိ (၄) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။