သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Web Design HTML 5 & CSS 3 သင်တန်းဆင်းပွဲအခမ်းအနား

   

         ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော Web Design HTML 5 & CSS 3 Course သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ (၂၉) ရက်နေ့ ညနေပိုင်းက နေပြည်တော်၊ ရုံးအမှတ် (၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

           အဆိုပါ Web Design HTML 5& CSS 3 Course အမှတ်စဉ် (၀၁၁၁/၀၁/၁၉-၂၀) သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၂) ခုမှ သင်တန်းသား (၄၀) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။     

      အဆိုပါသင်တန်းကို (၁၃-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ် ပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊ ကျောင်းအုပ်နှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးမှ သင်တန်းဆင်းအမှာစကားများနှင့် ထူးချွှန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

   သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

ITCS သင်တန်းကျောင်း