သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Google Search Engine Optmization (SEO) သင်တန်းဖွင့်လှစ်ခြင်း

       e-Government ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆိုက်ဘာလုံခြုံရေးအတွက် ရည်ရွယ်၍ Google Tools များကို အသုံးပြု၍ ဌာနဆိုင်ရာဝက်ဆိုက်များကို လုံခြုံမှုစစ်ဆေးထိန်းသိမ်းနိုင်စေရန် နှင့် နိုင်ငံဝန်ထမ်းများ၏ ဒီဂျစ်တယ်စွမ်းဆောင်ရည် မြင့်မားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် US-ICT Council for Myanmar တို့ ပူးပေါင်း၍ Google Search Engine Optmization (SEO) သင်တန်းကို ၂၀၁၉ခုနှစ်၊စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊သတင်းအချက် အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်း၌ ကျင်းပရာ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြား၍  ICT Council for Myanmar မှ Executive Director, Ms. Max Shu Teasdale က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ 

      အဆိုပါသင်တန်းသို့  ဗဟိုအဖွဲ့အစည်း/ ဝန်ကြီးဌာန(၃၆)ခုမှ CIO/ACIO များ၊ System Administrator နှင့် Web Administrator စုစုပေါင်း(၅၀) ဦး တက်ရောက်ခဲ့ပါသည်။

     သင်တန်းတွင် Google မှ Search Quality Analyst, Ms. Cherry Sireetorn Prommawin က “Trends and why search is important”, “How Search works”, “Search Console”, “HTTPs”, “Hack and prevention” နှင့် “Prioritization checklist” စသည့် ခေါင်းစဉ်တို့ဖြင့် သင်ခန်းစာများ ပို့ချခဲ့ပြီး သင်တန်းသားများနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။