သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ Basic Networking Course နှင့် Linux System Administration Course သင်တန်းဖွင့်ပွဲအခမ်းအနား

 

အောက်တိုဘာလ (၈) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာကွန်ရက် ချိတ်ဆက်ခြင်းကို နားလည် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Basic Networking Course သင်တန်းနှင့် ဝန်ကြီးဌာနဝက်ဆိုက်၊ ဒေတာစင်တာနှင့် ရုံးသုံးပရိုဂရမ်များတွင် အသုံးများသည့် Open Source Linux Operating System Administration Course သင်တန်းဖွင့်ပွဲ အခမ်းအနားတို့ကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         Basic Networking Course သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၁၅)ခုမှ သင်တန်းသား (၃၃) ဦးဖြင့် (၈-၁၀-၂၀၁၈)ရက်နေ့မှ (၁၈-၁၀-၂၀၁၈)ရက်နေ့အထိ (၉)ရက် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ Linux System Administration Course သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း(၁၈)ခုတို့မှ သင်တန်းသား (၂၂) ဦး ဖြင့် (၈-၁၀-၂၀၁၈)ရက်နေ့မှ (၁၉-၁၀-၂၀၁၈)ရက်နေ့အထိ(၁၀) ရက် ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

         သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများကို  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

သန္တာမောင်

သင်တန်းကျောင်း