သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Windows Server Administration Course-I သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မေလ (၁၃) ရက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းတွင် အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများရှိ ဝန်ထမ်း များအား Windows Server Operating System 2016 နှင့် Active Directory Domain Service , Domain Controller, Internet Information Service, Domain Name System, DHCP Service စသည့် Windows Service တို့ကို Installation, Configuration, နှင့် Operation  ပြုလုပ်ပုံများကို စာတွေ့၊ လက်တွေ့ သိရှိနိုင်စေရန်   ရည်ရွယ်၍ ဖွင့်လှစ်သည့် Windows Server Administration  Course-I  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေပြည်တော် ၊ ရုံးအမှတ်(၂) သင်တန်းခန်းမ တွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

အဆိုပါ Windows Server Administration  Course-I    သင်တန်းကို ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၃)ခုမှ သင်တန်းသား (၄၀)ဦး တက်ရောက်ကြောင်း သိရပါသည်။     

သင်တန်းကာလမှာ (၁၃-၅-၂၀၁၉) ရက်နေ့မှ (၂၄-၅-၂၀၁၉) ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာ လုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။