သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Web Application Security for Beginners Course သင်တန်းဖွင့်ပွဲ အခမ်းအနား

 

ဧပြီလ (၂၉) ရက်

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးသင်တန်းကျောင်းတွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများရှိ Website များ၏ လုံခြုံရေးအားနည်းချက်၊ တိုက်ခိုက်လာနိုင်သည့် နည်းလမ်းနှင့် ကြိုတင်ကာကွယ်မှုတို့ကို အခြေခံအားဖြင့် စာတွေ့၊ လက်တွေ့ သိရှိနိုင်စေရန်   ရည်ရွယ်၍ ဖွင့်လှစ်သည့် Web Application Security for Beginners Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂) သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ကြောင်း သိရပါသည်။

အဆိုပါ Web Application Security for Beginners Course  သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း (၃၄)ခုမှ သင်တန်းသား (၄၀)ဦး တက်ရောက် ကြောင်း သိရပါသည်။     

သင်တန်းကာလမှာ (၂၉-၄-၂၀၁၉) ရက်နေ့မှ (၁၀-၅-၂၀၁၉) ရက်နေ့အထိ (၉) ရက် ဖွင့်လှစ် ပို့ချမည် ဖြစ်ပါသည်။ သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း၊  ကျောင်းအုပ် ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းအုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

         သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာ လုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။

မသန္တာ

သင်တန်းကျောင်း