သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Microsoft Office Word 2010 သင်တန်းဖွင့်ပွဲအခမ်းအနား

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် အခြေခံကွန်ပျူတာ အကြောင်းအရာများ သိရှိနိုင်ပြီး  ရုံးစာရေးသားနည်း၊ အင်္ဂလိပ်၊ မြန်မာ စာစီစာရိုက်နည်းနှင့် ဇယား၊  ပုံ၊ ဂရပ်ဖ် အသုံးပြုနည်းများကို လက်တွေ့ လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office Word 2010 သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

Microsoft Office Word 2010 သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန (၁၂) ခုမှ သင်တန်းသား (၃၂) ဦး တို့ တက်ရောက်ကြောင်း သိရပါသည်။သင်တန်းကာလမှာ(၇-၅-၂၀၁၈)ရက်နေ့မှ (၁၈-၅-၂၀၁၈)ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူး ၊ ဒေါ်ခင်ဆွေဌေး က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း သည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။