သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန Microsoft Office Excel 2010 Training ၊ Web Design HTML5 & CSS3 Course တို့၏ ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းတွင် Web Design အခြေခံနည်းပညာများကို နားလည်၍ HTML5 နှင့် CSS3 Language ကိုအသုံးပြု၍ Static Web Page များကို လက်တွေ့ရေးသား နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Web Design HTML5 & CSS3 ဒုတိယအကြိမ် သင်တန်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ အစီရင်ခံစာများတွင် Chart၊ Graphic ရေးဆွဲခြင်းများ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် Microsoft Office Excel 2010 ဒုတိယအကြိမ် သင်တန်းဖွင့်ပွဲ အခမ်းအနားတို့ကို စက်တင်ဘာလ (၃) ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်(၂)တွင် ကျင်းပပြုလုပ် ကြောင်း သိရပါသည်။

        ၂၀၁၈ ခုနှစ်၊ Web Design HTML5 & CSS3 ဒုတိယအကြိမ် သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၂၁) ခုမှ သင်တန်းသား (၄၀) ဦးဖြင့် (၃-၉-၂၀၁၈) ရက်နေ့မှ (၁၈-၉-၂၀၁၈)ရက်နေ့အထိ (၁၂) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး Microsoft Office Excel 2010 ဒုတိယအကြိမ် သင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာန နှင့် အစိုးရအဖွဲ့အစည်း (၂၅) ခုမှ သင်တန်းသား (၄၄) ဦးဖြင့် (၃-၉-၂၀၁၈)ရက်နေ့မှ (၁၄-၉-၂၀၁၈)ရက်နေ့အထိ (၁၀) ရက် ဖွင့်လှစ် ပို့ချမည်ဖြစ်ပါသည်။

        သင်တန်းဖွင့်ပွဲသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ ကျောင်းအုပ် ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေဌေးနှင့် ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းကျောင်း၊ ကျောင်းအုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

        သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်းသည် ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ နိုင်ငံဝန်ထမ်းများအား  e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်း သိရှိရသည်။