သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Windows Server Administration Course သင်တန်းဖွင့်ပွဲအခမ်းအနား

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သင်တန်းကျောင်း၏ (ဒုတိယအကြိမ်) Windows Server Administration Course သင်တန်းဖွင့်ပွဲကို မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၂) နေပြည်တော်ရှိ e-Learning Center သင်တန်းခန်းမတွင် Online စနစ်ဖြင့် ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်နှင်းခိုင်အေး၊ သင်တန်းဆရာများ၊ သင်တန်းဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီးဌာန/အစိုးရအဖွဲ့အစည်း (၂၀) ခုမှ သင်တန်းသား (၂၃) ဦးတို့ တက်ရောက် ကြောင်း သိရပါသည်။ 
ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်က e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် IT အခြေခံအဆောက်အဦ အနေဖြင့် အသုံးပြုလျက်ရှိသော Server ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးကြောင်းနှင့် Windows Operation System ကိုအသုံးပြု၍ Windows Server များ တည်ဆောက်ခြင်းသည် ပိုမိုမြန်ဆန်ပြီး လုပ်ငန်းခွင်တွင် လွယ်ကူ လျင်မြန်စွာ အသုံးပြုနိုင်ပြီး Windows Application Server များဖြစ်သည့် (Active Directory Domain Service, Internet Information Services, Domain Name System Service, DHCP Service) တို့ကို စာတွေ့လက်တွေ့ လေ့လာပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ဌာနအတွက်ရော မိမိအတွက်ပါ အကျိုးရှိစေရန် သင်တန်းတွင် ဆွေးနွေးပို့ချမည့်  အကြောင်းအရာများကို  အပတ်တကုတ်  ကြိုးစားလေ့လာ သင်ယူကြပြီး ဌာနအတွက် အားကိုးအားထားရလောက်သည့် ဝန်ထမ်းများ ဖြစ်လာစေရန် ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်းအမှာစကား ပြောကြားခဲ့ပါသည်။ 
Windows Server Administration Course သင်တန်းကာလမှာ (၂၁.၃.၂၀၂၂) ရက်နေ့မှ (၅.၄.၂၀၂၂) ရက်နေ့အထိ ဖြစ်ပြီး သင်တန်းတွင် Zoom Application ဖြင့် Online သင်ကြားရေး စနစ်ကို အသုံးပြု၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ဝန်ကြီး ဌာနများ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အရေးပါသော ပြည်ထောင်စု ဝန်ကြီးဌာနများနှင့်အစိုးရအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရသည်။