သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ဇန္နဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန္နဝါရီလ ၂၄ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ကွန်ပျူတာနှင့်အင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဥ် (၇/၂၀၂၂)၊လက်ထောက်ကြီးကြပ်ရေးမှူးရထားထိန်း(အခြေခံ) သင် တန်းအမှတ်စဥ်(၄၉/၂၀၂၂)၊ ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်းအမှတ်စဥ်(၃၉/၂၀၂၂)တို့၏သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသူ/သားများကို လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း