သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ဇန်နဝါရီ ၁၀

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန္နဝါရီလ ၁၀ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ခရီးသည်ဝန်ဆောင်မှုတိုး​မြှင့်ရေး သင်တန်းအမှတ်စဥ်(၇/၂၀၂၂)၊ စက်ခေါင်းမောင်း(တွဲရွှေ့)သင်တန်းအမှတ်စဥ်(၃၁/ ၂၀၂၂)၊ လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းအမှတ်စဥ် (၅/၂၀၂၂)၊ လျှပ်စစ်(အခြေခံ)သင်တန်းအမှတ်စဥ် (၃၃/၂၀၂၂)တို့၏သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသူ/သားများကိုလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း