သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၁ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အခြေခံ ယာဥ်ပြင်သင်တန်းအမှတ်စဥ် (၅/၂၀၂၁)၊လ/ထ ကြီး ကြပ်ရေးမှူး ရထားထိန်း(အ​ခြေခံ) သင်တန်းအမှတ်စဥ် (၄၈ / ၂၀၂၁)၊ ဒု လ/ထ ကြီးကြပ်ရေးမှူး(တွဲမှတ်) သင် တန်းအမှတ်စဥ်အမှတ်စဥ်(၄၃/၂၀၂၁)တို့၏ သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးသည် သင်တန်းသားများကိုရင်းနှီးစွာလိုက်လံနှုတ်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း