သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ဇန်နဝါရီ ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် စီမံကွပ်ကဲ (အခြားအဆင့်)သင်တန်းအမှတ်စဉ်(၇၅/၂၀၂၄)နှင့်အခြေခံယာဉ်မောင်းသင်တန်းအမှတ်စဉ်(၆/၂၀၂၄) သင်တန်းများဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူ များကိုလိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း