သင်တန်းများဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ မေ ၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ မေလ ၈ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဒု လက်ထောက် ကြီးကြပ်ရေးမှူး(တွဲမှတ်) သင်တန်းအမှတ်စဉ် (၄၇/ ၂၀၂၃)၊ ခရီး သည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းအမှတ်စဉ်(၉/၂၀ ၂၃)၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ်(၂၁/၂၀၂၃)နှင့် A+ Computer Hardware သင် တန်း(၅/၂၀၂၃) တို့၏ သင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောင်းအုပ်ကြီးသည် သင်တန်းသားသင်တန်းသူများကို လိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း