သင်တန်းဖွင့်လှစ်ခြင်း

မိတ္ထီလာ၊ ဧပြီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဧပြီလ ၂၄ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် စီမံခန့်ခွဲမှု (အရာထမ်း) လောင်း သင်တန်း အမှတ်စဉ်(၉/၂၀၂၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းတက်ရောက်ကြမည့် သင်တန်းသူ သင်တန်းသားများကို လိုက်လံနှုတ်ဆက် ရှင်းလင်းမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း