သင်တန်းဖွင့်ပွဲ

မိတ္ထီလာ၊ ဇွန် ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇွန်လ ၇ ရက်နေ့နံနက် ၀၈၃၀ နာရီတွင်ရထားသင်တန်းဌာနခွဲကဖွင့်လှစ်သည့် လ/ထကြီးကြပ်ရေးမှူးရထားထိန်း (ဉာဏ်သစ်လောင်း) သင်တန်းအမှတ်စဥ် (၃၂/၂၀၂၁)သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက်ကျောင်းအုပ်ကြီးသည်သင်တန်းတက်ရောက်ကြမည့်သင်တန်းသားများကိုရင်းနှီးပွင့်လင်းစွာလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း