သင်တန်းဖွင့်ပွဲကျင်းပခြင်း

မိတ္ထီလာ၊မေ ၃၁

           ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်​ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ မေလ ၃၁ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် စီမံခန့်ခွဲမှု(အရာထမ်းလောင်းသင်တန်း)အမှတ်စဉ် (၆/၂၀၂၁) အလုပ်သင် စက်မှုနှင့်လျှပ်စစ် အင်္ဂျင်နီယာ(အထူး)သင်တန်းအမှတ်စဥ် (၁၆/၂၀၂၁)တို့သင်တန်းများဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
          အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးကသင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ယင်းနောက်သင်တန်းတက်ရောက်ကြသည့်တပ်မတော်အရာရှိများနှင့်သင်တန်းသူ/သားများကို ကျောင်းအုပ်ကြီးက ရင်းနှီးနွေးထွေးစွာလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

                  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း