သင်တန်းဆင်းပွဲအခမ်းအနား

မိတ္ထီလာ၊ ဇူလိုင် ၁၆
         ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇူလိုင်လ ၁၆ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်းအမှတ်စဥ်(၈/၂၀၂၁)၊ ကွန်ပျူတာနှင့်အင်္ဂလိပ်စကားပြောသင်တန်းအမှတ်စဥ်(၅/၂၀၂၁)၊ လက်မှတ်စစ် လက်မှတ်သိမ်း ဘူတာစာရေးများ၏(ဉာဏ်သစ်လောင်း)သင်တန်းအမှတ်စဥ်(၂၄/၂၀၂၁)၊ အငယ်တန်းအင်ဂျင်နီ -၄ သံလမ်း(ဉာဏ်သစ်လောင်း)သင်တန်းအမှတ်စဥ်(၁/၂၀၂၁)၊ တွဲထိန်း(အခြေခံ)သင်တန်းအမှတ်စဥ်(၄/၂၀၂၁)၊ အခြေခံလုပ်သားစက်ပြင်သင်တန်းအမှတ်စဥ်(၃/၂၀၂၁)နှင့် လျှပ်စစ်အခြေခံသင်တန်းအမှတ်စဥ် (၃၂/၂၀၂၁)တို့၏သင်တန်းများဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ 
        အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။
       ယင်းနောက်ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)ကသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။
       ဆက်လက်၍​ ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးနှင့်ဒုတိယကျောင်းအုပ်ကြီးဦးဝင်းနိုင်တို့က  သင်တန်းတွင်ထူးချွှန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။
     ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းသား/သူများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။
                ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း