သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ စက်တင်ဘာ ၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ စက်တင်ဘာလ ၉ ရက်နေ့နံနက် ၀၈၃၀ နာရီတွင်လုပ်ငန်း သစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ်(၇/၂၀၂၂)၏ သင် တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ အောင်မျိုးကျော် (ညွှန်ကြားရေးမှူး၊သလရ)က သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသူများကိုပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသားသူ/သား များကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း