သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ သြဂုတ် ၁၉

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဒု လက် ထောက် ကြီးကြပ်ရေးမှူး(တွဲမှတ်)သင်တန်းအမှတ်စဉ် (၄၅/ ၂၀၂၂)၊ စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင် တန်းအမှတ်စဉ်(၁၈/၂၀၂၂)နှင့် IP Networking သင် တန်းအမှတ်စဉ် (၆/၂၀၂၂)တို့၏သင်တန်းဆင်းပွဲအ ခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)ကအောင်လက်မှတ်များပေးအပ်ခဲ့ပါ သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင် တန်းသူ/သားများကိုလိုက်လံနှူတ်ဆက်ပြီး ရင်းရင်းနှီးနှီး

မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း