သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ မတ် ၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ မတ်လ ၄ ရက်နေ့နံနက် ၀၈၀၀ နာရီတွင် အထွေထွေစီမံ ခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ) သင်တန်းအမှတ်စဉ် (၃၂/ ၂၀၂၂)ကိုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပါသည်။

ယင်းနောက်ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးကသင်တန်းတွင်ဆုရရှိခဲ့ကြသူများကိုပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကျောင်းအုပ်ကြီးသည် သင်တန်းဆင်း အရာရှိသင်တန်း သူ/သားများကို လိုက်လံနှုတ်ဆက် မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း