သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၄
     ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အခြေခံစာရေး (ရုံးလုပ်ငန်း)သင်တန်းအမှတ်စဥ်( ၁၀/ ၂၀၂၁)၊ Logistic & Supply Chain Management သင်တန်းအမှတ်စဥ်(၃/၂၀၂၂)၊ အခြေခံယာဥ်မောင်းသင်တန်းအမှတ်စဥ်(၂/၂၀၂၁)၊ တို့၏ သင်တန်းများဆင်းပွဲအ ခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
      အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားကြောကြားခဲ့ပါသည်။
       ယင်းနောက် ဒေါက်တာ အောင်မျိုးကျော် (ညွှန်ကြားရေးမှူး၊ သလရ)နှင့် ဦးလှမိုး(ဒုတိယညွှန်ကြားရေးမှူး-၁၊သလရ) တို့က သင်တန်းဆင်းအောင်လက်မှတ်များပေး အပ်ခဲ့ပါသည်။
        ဆက်လက်၍ ကျောင်းအုပ်ကြီးကသင်တန်းတွင်ဆုရရှိခဲ့ကြသူများကိုပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။
         ထို့နောက် ကျောင်းအုပ်ကြီးသည် သင်တန်းဆင်းသင်တန်းသား/သူ များကို လိုက်လံနှုတ်ဆက် ရှင်းလင်းမှာကြားခဲ့ပါသည်။
                       ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း