သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဆက်သွယ်ရေးသင်တန်းဌာနခွဲက ဖွင့်လှစ်သည့် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၃ )၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင် ပထမဆုရရှိခဲ့သည့် ဒေါ်ရီရီကျော် (နွားထိုးကြီးစာတိုက်)၊ ဒုတိယဆုရရှိခဲ့သည့် ဒေါ်ဝင်းဝင်းမော် (တိုင်းဂျာရုံး၊စစ်ကိုင်း)၊ တတိယဆုရရှိခဲ့သည့် ဦးကျော်ဝေယံလင်း (ပြည်ပစာပို့၊ရန်ကုန်)တို့ကို့ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသား/သူများကို လိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း