သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၂၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ) သင်တန်းအမှတ်စဉ်(၃၄/၂၀၂၃)နှင့်ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းအမှတ်စဉ်(၁၀/၂၀၂၃)တို့၏သင်တန်းများဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်းအုပ် ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်း က သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ပါ သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင် ထူးချွှန်စွာအောင်မြင်ခဲ့ကြသည့် အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ)သင်တန်းမှ ပထမ မြတ်နိုးဝေ (လ/ထ မန်နေဂျာ၊မမ)၊ ဒုတိယ နွေမိုးငြိမ်း(ဦးစီးအရာရှိ၊ကညန)၊ တတိယ သန္တာညို(လ/ထ မန်နေဂျာ၊မမ)၊ ခရီး သည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းမှ ပထမ ကျော်မင်းလှိုင်(ဒု- လ/ထ ကြီးကြပ်ရေးမှူး-လမသ၊မန္တလေး)၊ ဒုတိယ အောင်မျိုးသူ(လ/ထ ကြီးကြပ်ရေးမှူး-လမစ ၂၊ ဟင်္သာတ)၊ တတိယ ကျော်စံ(ဒု-လ/ထ ကြီးကြပ်ရေးမှူး၊ဘတစ၊ရန်ကုန်)တို့အား ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသားများကိုလိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း