သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ သြဂုတ် ၁၈

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ရထားသင်တန်းဌာနခွဲကဖွင့်လှစ်သည့် စက်ခေါင်းမောင်း(တွဲရွှေ့) သင်တန်းအမှတ်စဉ်(၃၃/၂၀၂၃)သင်တန်း ဆင်းပွဲအ ခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသည် ဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် သင်တန်းဆင်း သင်တန်းသားများကို ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းကသင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသည့် သင်တန်းသားများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးကသင်တန်းဆင်း သင်တန်းသားများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း