သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ သြဂုတ် ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဆက်သွယ်ရေးဌာနခွဲက ဖွင့်လှစ်သည့် စာတိုက်မှူးနှင့်စာတိုက်ငွေ စာရင်းသင်တန်းအမှတ်စဉ်(၂၂/၂၀၂၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးကသင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးကသင်တန်းဆင်း သင်တန်း သား သင်တန်းသူများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း