သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၂၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၂၆ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် မော်တော်ယာဥ်သင်တန်းဌာနခွဲကဖွင့်လှစ်သည့် အခြေခံယာဥ်မောင်းသင်တန်းအမှတ်စဥ်(၁/၂၀၂၁)၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်း အုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဒေါက်တာ အောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊ သလရ)ကသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍သင်တန်းတွင်ဆုရရှိခဲ့ကြသူများကို ကျောင်းအုပ်ကြီးကပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးသည် သင်တန်းသားများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း