သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းအမှတ်စဉ်(၂၀/ ၂၀၂၃)နှင့် ကွန်ပျူတာပုံဆွဲသင်တန်းအမှတ်စဉ် (၂၂/ ၂၀၂၂) တို့၏ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ မြန်မာ့စာတိုက်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခမ်းအောင် တက်ရောက်ခဲ့ပါသည်။

ယင်းသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ကျောင်းအုပ်ကြီးက သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသား/ သင်တန်းသူများကို လိုက်လံ နှုတ်ဆက် မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း