သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဖေဖော်ဝါရီ ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ဝန်ထမ်းသစ်(အခြေခံ)သင်တန်းအမှတ်စဉ်(၃/၂၀၂၃)နှင့် ဒု-ရုံ ပိုင်(အလုပ်သင်)သင်တန်းအမှတ်စဉ်(၃၈/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင်ထူး ချွန်စွာအောင်မြင်ခဲ့ကြသူများကို ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းသား/သင် တန်းသူများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း