သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ နိုဝင်ဘာ ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ နိုဝင်ဘာလ ၁၁ ရက် နံနက် ၀၈၃၀ နာရီတွင်

ဆက်သွယ်ရေးသင်တန်းဌာနခွဲက ဖွင့်လှစ်သည့် စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းအမှတ်စဉ် (၁၉/၂၀၂၂)၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို ကျောင်းအုပ်ကြီးက ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းသား/သူများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း