သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဒီဇင်ဘာ ၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊  အောင်ဆန်းခန်းမ၌  ဒီဇင်ဘာလ ၉ ရက်နေ့  နံနက် (၀၈:၃၀) နာရီတွင်

စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ)သင်တန်းအမှတ်စဉ်(၃၃/၂၀၂၂)နှင့် အခြေခံလုပ်သားစက်ပြင်သင်တန်းအမှတ်စဉ်(၅/၂၀၂၂)တို့၏သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါ သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးကသင်တန်းတွင်ဆုရရှိခဲ့ကြသည့်သူများကို ပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသားများကို လိုက်လံနှုတ်ဆက်အားပေးမှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း