သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၁၄
       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် အခြေခံစာရေး(ရုံးလုပ်ငန်း)သင်တန်း အမှတ်စဉ်(၁၂/ ၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
       အဆိုပါသင်တန်း ဆင်းပွဲအခမ်းအနားတွင်ကျောင်း အုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။ 
       ယင်းနောက် ဒုတိယကျောင်းအုပ်ကြီး ဒေါ် ခင်သီတာမင်းနှင့်ဦးလှမိုး(ဒုတိယညွှန်ကြားရေးမှူး-၁၊သလရ)တို့က သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။
      ဆက်လက်၍ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသူများကိုပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။
      ထို့နောက် ကျောင်းအုပ်ကြီးက သင်တန်းဆင်းသင်တန်းသားများကို လိုက်လံနှုတ်ဆက်လိုအပ်သည်များထပ်မံမှာကြားခဲ့ပါသည်။ 
                  ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း