သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၇

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင်စက်ခေါင်းမောင်းလက်ထောက် ၂ သင်တန်း အမှတ်စဉ် ၃၁/၂၀၂၂ အား သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါ သည်။

ယင်းနောက် ဒေါ်ခင်သီတာမင်း(ဒုတိယကျောင်းအုပ်ကြီးက)အောင်လက်မှတ်များပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက သင်တန်းတွင်ဆုရရှိခဲ့ကြသူများကိုပထမ၊ဒုတိယ၊တတိယဆုတံဆိပ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက်ကျောင်းအုပ်ကြီးက သင်တန်းဆင်း သင်တန်းသားများကို လိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း