သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ အောက်တိုဘာ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ အောက်တိုဘာလ ၁၅ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် အထွေထွေစီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု(အရာရှိ) သင်တန်းအမှတ်စဥ် (၃၁/၂၀၂၁)၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအမှတ်စဥ်(၃/၂၀၂၁)၊ ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းအမှတ်စဥ် (၆/၂၀၂၁)၊သံလမ်း(ဉာဏ်သစ်လောင်း)လုပ်သားခေါင်း ဇာဝီလှည့်သင်တန်းအမှတ်စဥ် (၅၂/၂၀၂၁)၊ အချက်ပြဆက်သွယ်ရေး(မွမ်းမံ)သင်တန်းအမှတ်စဥ်(၁/၂၀၂၁)၊စာတိုက်မှူးနှင့်စာတိုက်ငွေစာရင်းသင်တန်းအမှတ်စဥ်(၁၄/၂၀၂၁)၊စာတိုက်စစ်ဆေးရေးသင်တန်းအမှတ်စဥ်(၃/၂၀၂၁)၊လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်းအမှတ်စဥ်(၄/၂၀၂၁)၊

IP Networking သင်တန်းအမှတ်စဥ်(၄/၂၀၂၁)၊ A+ Computer Hardware သင်တန်းအမှတ်စဥ်(၂/၂၀၂၁)တို့သင်တန်းများဆင်းပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)၊ဦးလှမိုး(ဒု-ညွှန်ကြားရေးမှူး-၁၊သလရ)နှင့်ဦးထွန်းထွန်းစိုး(ဒု-ညွှန်ကြားရေးမှူး-၂၊သလရ)တို့ကသင်တန်းဆင်းအောင်လက်မှတ်များအသီးသီးပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးနှင့်ညွှန်ကြားရေးမှူး၊သလရ တို့ကသင်တန်းတွင်ဆုရရှိခဲ့ကြသူများကို ပထမ၊ဒုတိယ၊ တတိယ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက်ကျောင်းအုပ်ကြီးသည်သင်တန်းသား/သူ များကိုလိုက်လံနှုတ်ဆက်မှာကြားခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း