သင်တန်းဆင်းပွဲကျင်းပခြင်း

မိတ္ထီလာ၊ ဇွန် ၁၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ အောင်ဆန်းခန်းမ၌ ဇွန်လ ၁၁ ရက်နေ့နံနက် ၀၈၃၀ နာရီတွင် ခရီးသည်ဝန်ဆောင်မှုတိုးမြှင့်ရေးသင်တန်းအမှတ်စဥ် ( ၃/ ၂၀၂၁)နှင့် အခြေခံယာဥ်မောင်းစက်ပြင်သင်တန်းအမှတ်စဥ်(၂၁/၂၀၂၀)တို့သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင်ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးကသင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက်သင်တန်းဆင်းသင်တန်းသားများကိုဒုတိယကျောင်းအုပ်ကြီး ဦးဝင်းနိုင်နှင့်ဒေါက်တာအောင်မျိုးကျော်(ညွှန်ကြားရေးမှူး၊သလရ)တို့ကသင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ကျောင်းအုပ်ကြီးက သင်တန်းတွင် ထူးချွှန်စွာအောင်မြင်ခဲ့ကြသည့်သင်တန်းသားများကို ပထမ၊ဒုတိယ၊တတိယ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက်ကျောင်းအုပ်ကြီးသည်သင်တန်းသားများကိုရင်းနှီးစွာလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း