လှိုင်းနှုန်းအသုံးပြုမှုအခြေအနေများသိရှိနိုင်ရန် လှိုင်းနှုန်းတိုင်းတာစစ်ဆေး ဆောင်ရွက် ခဲ့မှုများ

 

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းတာရေးအဖွဲ့သည် ဆက်သွယ်ရေးအော်ပရေတာများ၊ ဌာနဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ အခြားသော စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ ထံသို့ သတ်မှတ်ပေးထားသော လှိုင်းနှုန်းခွင်များအတိုင်း စနစ်တကျသုံးစွဲမှု ရှိ/မရှိ လစဉ် တိုင်းတာမှုများ ပုံမှန်ပြုလုပ်ခြင်း၊ ဆက်သွယ်ရေးအော်ပရေတာများမှ ၄င်းတို့၏ ဆက်သွယ်ရေးကွန်ယက်အတွင်း အခြားလှိုင်းနှုန်းနှောက်ယှက်မှုများကြောင့် (Network Quality) ကျဆင်းမှုများ ဖြစ်ပေါ်လာပါက ၄င်း Complaint Site နေရာများသို့ သွား ရောက်တိုင်းတာခြင်း၊ လှိုင်းနှုန်းနှောက်ယှက်မှုများ ရှင်းလင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းတာရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း မြို့နယ်အချို့တွင် လှိုင်းနှုန်း အသုံးပြုမှုအခြေအနေများသိရှိနိုင်ရန် မြေပြင်ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

တိုင်းတာရေးအဖွဲ့သည် သြဂုတ်လအတွင်း ရန်ကုန်မြို့၌ သတ်မှတ်ပေးထားသော လှိုင်းနှုန်း ခွင်များအတိုင်း စနစ်တကျသုံးစွဲခြင်း ရှိ/မရှိ စသည့် အခြေအနေများ သိရှိနိုင်စေရန် အော်ပရေတာများနှင့် အတူ Tower များမှ လှိုင်းနှုန်းထုတ်လွှင့်မှုများအား တိုင်းတာရေးမော်တော်ယာဉ်၊ Spectrum Analyzer တို့ဖြင့် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ပါသည်။

တိုင်းတာရေးအဖွဲ့သည် စက်တင်ဘာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးဝန်းကျင်တွင် သတ်မှတ်ပေးထားသော လှိုင်းနှုန်းခွင်များအတိုင်း စနစ်တကျသုံးစွဲခြင်း ရှိ/မရှိ စသည့် အခြေအနေများ သိရှိနိုင်စေရန် တိုင်းတာရေး မော်တော်ယာဉ်၊ Spectrum Analyzer တို့ဖြင့် ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ပါ သည်။