လုံခြုံရေးခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေခြင်း လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈။

အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်း၌ ဖွင့်လှစ်လျက် ရှိသည့် လုံခြုံရေးခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်းသင်တန်း အမှတ်စဉ်(၁၆)မှ သင်တန်းသား ခွေးကိုင်စစ်သည် ၃၈ ဦးနှင့် လုံခြုံရေးခွေး ၃၈ ကောင်တို့ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ပန်းဆိုးတန်း မြို့နယ်မန်နေဂျာရုံး အနီးတဝိုက်၊ နန်းသီတာ ဆိပ်ခံတံတား အဆောက်အဦများတွင် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေခြင်း လက်တွေ့ လေ့ကျင့်ခန်း များကို (၁၈-၂-၂၀၁၉)ရက်နေ့ (၀၈၃၀)နာရီမှ (၀၉၃၀)နာရီထိ  ပြုလုပ်ခဲ့ကြောင်း သိရသည်။