ရန်ကုန် - မော်လမြိုင် - ရန်ကုန် လူစီးရထားခရီးစဉ်ပြေးဆွဲ

နေပြည်တော်၊ မတ် ၃၁

          ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း၌ ခရီးသွားပြည်သူများ ခရီးသွားလာမှုအဆင်ပြေစေရန် အတွက် မော်လမြိုင်ဘူတာမှ မတ်လ (၂၉)ရက်နေ့ နံနက် (၈)နာရီတွင် အမှတ် (၉၀)အစုန် လူစီးရထား အား စတင်ပြေးဆွဲခဲ့သည်။

          အဆိုပါခရီးစဉ်တွင် စက်ခေါင်း (၁)ခေါင်း၊ အထက်တန်းတွဲ (၂)တွဲ၊ ရိုးရိုးတန်း (၃)တွဲနှင့် ဘရိတ်တွဲ (၁)တွဲဖြင့် တွဲဆိုင်းဖွဲ့ဆင်၍ ပြေးဆွဲပေးလျှက်ရှိသည်။မော်လမြိုင်- ရန်ကုန်ကြားတွင် (၃၆)ဘူတာရှိပြီး ပေါင်၊ သထုံ ၊ ကျိုက်ထို ၊ သိမ်ဇရပ် ၊ ပဲခူးဘူတာအပါအဝင် ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍ ရန်ကုန် ဘူတာသို့ ညနေ (၇)နာရီတွင် ရောက်ရှိခဲ့ပါသည်။

          ထိုနည်းတူ အမှတ်(၈၉)အဆန်လူစီးရထားသည် ရန်ကုန်မြို့မှ မတ်လ(၃၀)ရက်နေ့ နံနက် ၆ နာရီခွဲတွင်ထွက်ခွာလာရာ ဘူတာစဉ်ဖြတ်သန်းမောင်းနှင်ပြီး မော်လမြိုင်ဘူတာသို့ ညနေ(၅)နာရီတွင် ရောက်ရှိခဲ့ပါသည်။

          ရထားခရီးစဉ်တွင် အမှတ် (၉၀) အစုန် လူစီးရထားသည် မော်လမြိုင်မှရန်ကုန်သို့လည်းကောင်း၊ အမှတ် (၈၉)အဆန်ရထားသည် ရန်ကုန်မှ မော်လမြိုင်သို့လည်းကောင်း တစ်ရက်ခြား၍ပြေးဆွဲသွားမည် ဖြစ်ပါသည်။

          သို့ဖြစ်ပါ၍ မော်လမြိုင်-ရန်ကုန်-မော်လမြိုင်ခရီးစဉ်သို့ လိုက်ပါစီးနင်းလိုသည့် ခရီးသွားမိဘ ပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

မြန်မာ့မီးရထား