ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ ကျည်ထောင်ကန်ဘူတာနှင့် ဖြုတ်ခွဲဘူတာကြား တံတားအမှတ် (၄၂၀)၏ ကွန်ကရစ် တံတားအောက်တွင် လက်လုပ်မိုင်းတစ်လုံး စစ်ဆေးတွေ့ရှိ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်- မန္တလေး လမ်းပိုင်း ကျည်တောင်ကန်ဘူတာနှင့် ဖြုတ်ခွဲ ဘူတာအကြား၊ မိုင်တိုင်အမှတ် ၂၃၇/၀-၁ အကြားရှိ တံတားအမှတ်(၄၂၀) အစုန်လမ်း ပေ(၂၀)ကွန်ကရစ်တံတားအောက်၊ မန္တလေးဘက်ခြမ်း တံတားနံရံ ရေထွက်ပေါက်၌ အလျား ၁၅ လက်မ၊ အချင်း ၅ လက်မခန့်ရှိ မီးသတ်ဆေးဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းကို ဧပြီလ ၂၅ ရက်နေ့နံနက် ၆ နာရီ ၅ မိနစ် အချိန်တွင် နယ်မြေလုံခြုံရေးအဖွဲ့မှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရ၍ မြန်မာ့မီးရထားမှ တိုင်းတာဝန်ခံနှင့် တာဝန်ရှိသူများသည် နေပြည်တော်မှ မြေလမ်း ကားဖြင့် နံနက် ၆ နာရီ ၂၀ မိနစ်တွင် သွားရောက်ခဲ့ရာ ၆ နာရီ ၃၀ မိနစ်တွင် ရောက်ရှိခဲ့ပါသည်။

အဆိုပါ လက်လုပ်မိုင်း တွေ့ရှိရာ နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူး၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အမှတ်(၉၂၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးဇင်မောင်မောင်တို့ အဖွဲ့မှ စစ်ဆေးခဲ့ရာ မီးသတ်ဆေးဘူးအတွင်း ယမ်းမှုန့် ၄ လက်မ၊ သံချောင်း ၃၅ ချောင်း၊ စက်ဘီးဘောစေ့ ၃၀၀ ခန့် ထည့်သွင်းထားရှိမှုကို စစ်ဆေးတွေ့ရှိပြီး အဆိုပါအဖွဲ့မှ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား