ရန်ကုန်မြို့ပတ်ရထားနေ့စဉ်ပြေးဆွဲမည်

နေပြည်တော် မတ် ၃၁

ရန်ကုန်မြို့နေခရီးသွားမိဘပြည်သူများ အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားမှ အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန် လမ်းကြောင်းအတိုင်း လက်ဝဲရစ် လူစီးတွဲ(၃) တွဲပါ RBE ရထားတွဲဆိုင်းကို မတ်လ ၂၄ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲလျက်ရှိပါသည်။

RBE ရထားတွဲဆိုင်းသည် လက်ဝဲရစ်လမ်းကြောင်းအတိုင်း အင်းစိန်ဘူတာမှ နံနက် (၀၈:၃၀) နာရီမှ စတင်ထွက်ခွါပြီး ဘူတာစဉ်ဖြတ်သန်းမောင်းနှင်၍  ရန်ကုန်ဘူတာကြီး ၊ မင်္ဂလာဒုံဘူတာ မှတစ်ဆင့်ဆက်လက်ထွက်ခွါရာ အင်းစိန်ဘူတာသို့ (၁၁:၄၅)နာရီတွင် ပြန်လည်ဆိုက်ရောက်ခဲ့ပါ သည်။

ထိုနည်းတူမတ်လ ၃၁ ရက်နေ့တွင်လည်း RBE ရထားတွဲဆိုင်းသည် လက်ဝဲရစ်လမ်းကြောင်း အတိုင်းနံနက်(၈)နာရီခွဲတွင်အင်းစိန်-ရန်ကုန်-မင်္ဂလာဒုံ-အင်းစိန်ခရီးစဉ်အတိုင်းပြေးဆွဲရာ အင်းစိန် ဘူတာသို့ နေ့လည်(၁၁:၅၀)နာရီတွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။

မြို့ပတ်ရထားခရီးစဉ်များကို မြန်မာ့မီးရထားက နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသဖြင့် မိဘ ပြည်သူများ ၊ ဝန်ထမ်းများအနေဖြင့် လိုက်ပါစီးနင်းနိုင်ကြောင်း သတင်း ရရှိပါသည်။

 

မြန်မာ့မီးရထား