မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်၊ဥက္ကလာဘူတာ ဝန်ထမ်းလိုင်းခန်း(၂)ခန်းတွဲ မသမာသူများ၏လက်ချက်ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

နေပြည်တော် မတ်လ ၂၉

          မတ်လ ၂၉ ရက်နေ့နံနက် (၂)နာရီခန့်တွင်မသမာသူများမှ မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ် ကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ထားသော ဓာတ်ဆီပုလင်းဖြင့်ပစ်ပေါက်ခဲ့ရာ အုပ်ချုပ်ရေးမှူးရုံး နှင့်ဥက္ကလာပဘူတာ ဝန်ထမ်းလိုင်းခန်းကြားသို့ကျရောက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက်(၂:၄၀)နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

          မီးလောင်မှုဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အနည်းငယ်သာ မီးလောင်ကျွမ်းခဲ့ပြီး မြန်မာ့ မီးရထားဝန်ထမ်းလိုင်းခန်း(၂)ခန်းတွဲ သွပ်မိုးပျဉ်ထောင်(၁)လုံး (၄၀၅-စတုရန်းပေ)နှင့် နှစ်ခန်းတွဲအိမ်သာ (၁)လုံး(၃၆-စတုရန်းပေ) ကာလတန်ဘိုးကျပ်(၁၅)သိန်းဖြစ်ပြီး လိုင်းခန်းတွင်နေထိုင်သော ဦးဆန်းရွှင်၊ ဘူတာစာရေး(တာဝန်ခံ) ၊ ဥက္ကလာပဘူတာ ၊ ဦးဇော်ထွန်းအောင် ၊ ဘူတာစာရေး ၊ ရန်ကုန်ဘူတာတို့၏ အိမ်ထောင်သုံးပစ္စည်းများ အားလုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပါသည်။

          အဆိုပါဝန်ထမ်း(၂)ဦးမှာ ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှစ၍ အကြောင်းမဲ့ပျက်ကွက်လျက်ရှိပြီး နေအိမ်တွင်နေထိုင်ခြင်းမရှိသဖြင့် အိမ်ထောင်သုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုတန်ဘိုး မသိရှိရပါ။

          ထိုကဲ့သို့သော မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက်ဖျက်ဆီးမှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဥပဒေနှင့်အညီအမှုဖွင့်လှစ်၍ အရေးယူမှုများဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

 

မြန်မာ့မီးရထား