မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၂:၃၀ နာရီ အချိန်ထုတ်ပြန်ချက်)

 

           ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ(၅၃)မိနစ်(၅၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ တောင်ဘက် (၄၃)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်တောင်ဘက် (၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၃၇)ဒီဂရီ၊ အနက် (၈၀)ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၀(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။