မြေငလျင်သတင်း

 

မြေငလျင်သတင်း

 

(မြန်မာစံတော်ချိန် ၁၄:၃၅ နာရီ အချိန်ထုတ်ပြန်ချက်)

 

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄) နာရီ၊ (၂၄)မိနစ်၊ (၃၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ကလေးမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၇) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၆) ဒီဂရီ၊ အနက် (၈၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။