မြေငလျင်သတင်း

မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၁၂း၀၀ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၃ ခုနှစ်၊ မတ်လ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁)နာရီ၊ (၃၈)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၃) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်း မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၈၉)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၄.၇၃)ဒီဂရီ၊ အနက် (၉၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။