မြေငလျင်သတင်း

မြေငလျင်သတင်း

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၄၁)မိနစ်၊ (၀၁) စက္ကန့်အချိန်တွင် ညောင်ဦးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆၆) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ယင်းမာပင်မြို့၏ အနောက်-အနောက်မြောက်ဘက် (၁၇)  မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၁၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၄)ဒီဂရီ၊ အနက် (၇၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။