မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၂၂း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂)နာရီ၊ (၃၃)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၂၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၈၉)ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၆)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။