မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၁း၄၅ နာရီ အချိန်ထုတ်ပြန်ချက်)

၂၀၂၂ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၁)နာရီ၊ (၂၃)မိနစ်၊ (၃၄)စက္ကန့် အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၇)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့မြောက်ဘက် မိုင်(၂၀)ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၆၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉.၁၄)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိပါသည်။