မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ အစည်းအဝေး ဒုတိယဝန်ကြီးတက်ရောက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း လုပ်ငန်းများအား အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော မူဝါဒနှင့် လုပ်ငန်းစဉ်များအား သတ်မှတ်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ဦးဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ်(၂) ကို (၂၉-၉-၂၀၁၆) ရက်နေ့ နံနက်(၁၀:ဝဝ) နာရီ အချိန်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)၊ အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့ရာ ဦးဆောင်ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊  ကော်မတီဝင်များ ဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ နှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တို့မှ တာဝန်ရှိသူများ ၊ PwC အကြံပေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အခြား ဖိတ်ကြားထားသူများ၊ တက်ရောက်ခဲ့ကြပါသည်။


အစည်းအဝေးတွင် ဦးဆောင်ကော်မတီ ဥက္ကဌ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ ဦးဆောင်ကော်မတီ ဥက္ကဌ၊ ကော်မတီဝင်များ၊ PwC အကြံပေးကုမ္ပဏီမှ တာဝန်ရှိသူများက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်း အဖြစ် ပြောင်းလဲနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။